Published on 02 Jan, 2025
ရွှေစင်အကယ်ဒမီရဲ့ ရွှေချစ်သူ မိတ်ဟောင်း မိတ်သစ်များ တန်ဖိုးထား စုဆောင်းဝယ်ယူထားတဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို မပျက်စီးရအောင် ဘယ်လို ထိန်သိမ်းရမလဲဆိုတာကို ဒီတစ်ပတ်ရဲ့ ဗဟုသုတမျှဝေခြင်းအနေနဲ့ မျှဝေလိုက်ပါတယ်ရှင်။
- ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပါ။
ရေနွေးနွေးနှင့် ပန်းကန်ဆေးဆပ်ပြာအပျော့စား ရောစပ်ပြီး ရွှေလက်ဝတ်ရတနာများကို 15-20 မိနစ်ခန့် စိမ်ထားပြီး နူးညံ့သောသွားပွတ်တံဖြင့် ညင်သာစွာ ပွတ်ပေးပါ။
ရေနွေးနွေးအောက်တွင် သေချာစွာ ဆေးကြောပြီးနောက် သန့်ရှင်း ပျော့ပျောင်းသော အဝတ်ဖြင့် အခြောက်ခံပေးပါ။
- ပြင်းထန်သော ဓာတုပစ္စည်းများနှင့် မထိတွေ့ပါစေနှင့်။
အရောင်ချွတ်ဆေး၊ ကလိုရင်းနှင့် အခြားပြင်းထန်သောဓာတုပစ္စည်းများက ရွှေငွေလက်ဝတ်ရတနာများကို အရောင်ပြောင်းစေခြင်းများ ဖြစ်နိုင်သောကြောင့် မထိတွေ့မိစေရန် သတိထားပေးပါ။
ရွှေငွေလက်ဝတ်ရတနာများတွင် Lotion၊ မိတ်ကပ် စသောအလှကုန်များ ကပ်မိနေခြင်းကလဲ ရေရှည်တွင် အရောင်ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် Cosmeticများ၊ ရေမွှေးများနှင့် ဆံပင်ဖြန်းဆေးများကို လိမ်း/ဖြန်းပြီးချိန်မှသာ လက်ဝတ်ရတနာများကို ဝတ်ဆင်ပါ။
- အကန့်များခွဲ၍ သိမ်းပါ။
ခြစ်ရာများကိုကာကွယ်ရန် ရွှေငွေလက်ဝတ်ရတနာများကို ပျော့ပျောင်းတဲ့အဖုံးပါသော လက်ဝတ်ရတနာသေတ္တာတွင် သီးခြားအကန့်များဖြင့် သိမ်းဆည်းပါ။
လေ/အစိုဓာတ်တို့နှင့် ထိတွေ့မှုကို လျှော့ချနိုင်ရန်အတွက် သင်၏ရွှေငွေလက်ဝတ်ရတနာများကို ပိုးမွှားများမဝင်နိုင်သည့် အိတ် သို့မဟုတ် အဝတ်များကို အသုံးပြု၍ သိမ်းဆည်းပါ။
ပျက်စီးမှုရှိမရှိ ပုံမှန်စစ်ဆေးခြင်း။
ရွှေငွေလက်ဝတ်ရတနာများတွင် တပ်ဆင်ထားသော ကျောက်မျက်ရတနာများ ပြုတ်ထွက်ခြင်း/ လှုပ်နေခြင်း ရှိမရှိကို ပုံမှန်စစ်ဆေးပါ။
သင့်ရွှေထည်လက်ဝတ်ရတနာများကို (ဝတ်ဆင်မှု အနည်းအများပေါ် မူတည်၍) ကျွမ်းကျင်သူများနှင့် စစ်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း ပြုလုပ်ပါ။
- ဝတ်ဆင်ရာတွင် သတိပြုခြင်း။
ရွှေငွေလက်ဝတ်ရတနာများ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် ရေကူးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အိမ်မှုကိစ္စများ လုပ်ဆောင်သည့်အခါများတွင် ဝတ်ဆင်မှုမပြုပဲ ချွတ်ထားပါ။
ကြမ်းတမ်းသောမျက်နှာပြင်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ အရာဝတ္ထုများကို ကိုင်တွယ်သည့်အခါ ခြစ်ရာများနှင့် အစွန်းအထင်းများကို မဖြစ်စေရန် သတိထားပါ။
- ပွတ်တိုက်သန့်ရှင်းခြင်း။
သင့်လက်ဝတ်ရတနာများကို သန့်ရှင်းပြီးနူးညံ့သောအဝတ်၊ ဘရပ်ရှ်တို့ဖြင့် ညင်သာစွာပွတ်တိုက် သန့်ရှင်းပါ။
- အပူချိန်ပြင်းပြင်းဖြင့် အပူဒဏ်ခံရခြင်း။
သင့်ရွှေငွေလက်ဝတ်ရတနာများကို အပူချိန်လွန်ကဲစွာ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ အရည်ပျော်ခြင်း၊ ကျုံ့သွားခြင်းနှင့် ပုံစံပျက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
အထက်ပါအချက်တွေကို လိုက်နာခြင်းအားဖြင့် သင့်ရွှေငွေလက်ဝတ်ရတနာတွေကို လှပပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်မှာမို့လို့ ရွှေချစ်သူများလည်း သင်တို့ရဲ့ အဖိုးတန် ရွှေငွေလက်ဝတ်ရတနာများကို ဘယ်လိုမျိုး ထိန်းသိမ်းထားလဲဆိုတာ Commentမှာ ဝေမျှပေးသွားပါဦးရှင်။
ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင်နှင့်
မီးလင်းအခေါက်ရွှေ ရောင်းဝယ်ရေး
(ဆိုင်အမှတ်- ၁)
အမှတ် ၈၃၅/၈၃၆, ဦးဝိစာရလမ်း, ၃၄ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်, ရန်ကုန်
Ph: 09773090104, 095137246, 0931411428
(ပုံမှန် တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်)
•••••••••••••••••••••••••••••••••••••••••••••
(ဆိုင်အမှတ်- ၂)
အမှတ် ၉၄ မြေညီထပ်, ရွှေဘုံသာလမ်း (မဂိုလမ်း) အောက်, ပန်းဘဲတန်းမြို့နယ်, ရန်ကုန်
Ph: 09773090104, 018371548, 09252414243
(ပုံမှန် တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်)
#ရွှေထည်လက်ဝတ်ရတနာ