Published on 22 May, 2025
ရွှေစုကြတဲ့အခါ..
"ရွှေဆိုတာ ရှိတန်ဆာ မရှိဝမ်းစာ" ဆိုတဲ့ စကားပုံလေးအတိုင်းပဲ။ ပိုလျှံတဲ့အခါ လက်ဝတ်ရတနာ အဆင်တန်ဆာအဖြစ် စုဆောင်းရင်း ဆင်မြန်းကြသလို။ အိမ်ဆောက်ရန်/ စီးပွားတိုးချဲ့ရန်/ ကားသစ်ဝယ်ရန်/ ကလေးကျောင်းစရိတ် စသည်ဖြင့် ငွေကြေးလိုအပ်တဲ့အခါမျိုးတွေမှာတော့ အပိုစုဆောင်းထားတဲ့ ရွှေသားလေးတွေကို ငွေအဖြစ် ပြန်ဖော်ကြတာမျိုးပေါ့။ ခေတ်အဆက်ဆက် အလွှာအသီးသီးမှာ ဒီအစဥ်အလာလေးဟာ မတိမ်ကောသွားခဲ့ပါဘူး။
ဒီလို စုဆောင်းကြတဲ့အခါ ရွှေတုံး/ ရွှေပြား/ စတိထည်/ ရွှေထည်လက်ဝတ်ရတနာ ဘာကို ဘယ်လို စုရမယ် မသိရင် မျှပြီးစုပါလို့ အကြံပေးချင်ပါတယ်ရှင်။ တစ်မျိုးချင်းစီမှာ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။
ရွှေတုံး
▪︎▪︎▪︎▪︎▪︎▪︎▪︎
ရွှေတုံးက ကာလပေါက်စျေးအတိုင်း ရောင်းဝယ်နိုင်တယ်။ အလျော့တွက်/ လက်ခ မရှိဘူး။ ရောင်းစျေးဝယ်စျေး ကွာဟချက်ကလည်း အလျော့ပါအထည်တွေထက် သက်သာတယ်။ ရွှေအတုံးအခဲတွေဟာ ရွှေရည်စစ်ဆေးရ လွယ်ကူတာကြောင့် အရေးတကြီး ငွေလိုလို့ ပြန်ရောင်းချင်တဲ့အခါ နေရာအတော်များများမှာ လွယ်ကူစွာ ရောင်းဝယ်နိုင်ပါတယ် (ငွေဖော်ရလွယ်ပါတယ်)။ သူက အတုံးအခဲ ဖြစ်တဲ့အတွက် ကိုယ်မှာ ဆင်မြန်းလို့တော့ မရနိုင်ဘူးပေါ့။ ရွှေဝတ်ရတာ သိပ်မကြိုက်တတ်သူတွေက ဒါမျိုးတွေ စုပါရှင်။
ရွှေပြား
▪︎▪︎▪︎▪︎▪︎▪︎▪︎
ရွှေတုံးလိုက်ကြီး မဝယ်နိုင်သေးရင် ရွှေပြားလေးတွေစုပါနော်။ သူလည်း ရွှေတုံးအတိုင်း အားသာချက်တွေ ရှိတယ်။ ရွှေစင်အကယ်ဒမီ (Htet Myat Yadana) မှာ အနည်းဆုံး ၁ပဲ ကစပြီး ၂ပဲ၊ ၄ပဲ၊ ၈ပဲ၊ ၁ကျပ်၊ ၂ကျပ် ရွှေပြားလေးတွေ ဝယ်ယူလို့ရပါတယ်။ ရွှေအရည်အသွေး နဲ့ ရောင်း/ဝယ်စျေးနှုန်းတွေက ရွှေတုံးအတိုင်းပါပဲ။ ပါကင်ထုပ်ပိုးမှု သပ်ရပ်ပြီး QR code ပါတဲ့ ရွှေပြားလေးတွေရဲ့ ၁ဘူးလက်ခ 10000/15000 ခန့် ရှိပါတယ်ရှင်။ အမှတ်တရ လက်ဆောင်ပေးတာ၊ မင်္ဂလာ လက်ဖွဲ့ပေးတာမျိုးတွေအတွက်လည်း သူက အဆင်ပြေတယ်နော်။
စတိထည်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
စတိထည်ဆိုတာက ၁၆ပဲရည် အခေါက်ရွှေသန့်သန့်ကို အပူပေး၊ ပုံသွင်း၊ နန်းဆွဲ (လိုသလောက် အရှည်ဆန့်ထုတ်ပြီး) လက်ကောက်ဖြစ်ရုံ လက်စွပ်ဖြစ်ရုံ စတိသဘော ကွင်းထားခြင်း ဖြစ်ပါတယ်။ ဂဟေမသုံးပါဘူး။ ချောမွေ့မနေပါဘူး။ အကြမ်းထည်ဆိုတဲ့ အဓိပ္ပါယ်ပါ (ရွှေစင်အကယ်ဒမီက လက်ရာလေး သေသပ်လို့ ချောမွေ့နေတာတော့ ချွင်းချက်ပေါ့ )။ ဒါကြောင့် စတိထည်တွေကို အလျော့တွက် မယူဘဲ လက်ခသာ ယူပါတယ်။ ရွှေသားသန့်သန့် အထည်ဖြစ်တာကြောင့် ပြန်ဝယ်တဲ့အခါ အခေါက်တုံးတွေနဲ့ စျေးတူပေးဝယ်ပါတယ်။ ရွှေလည်းစုချင်၊ ဝတ်ဆင်ရတာလည်း နှစ်သက်ပြီး၊ အလျော့တွက်လည်း မသုံးချင်ဘူးဆိုရင် စတိထည်လေးတွေ စုပါနော်။ နူးညံ့ပျော့ပြောင်းတဲ့ အခေါက်ရွှေသန့်နဲ့ ပြုလုပ်တာဖြစ်လို့ စတိထည်တွေဟာ အကြမ်းမခံဘဲ သတိထား ဝတ်ဆင်ရပါတယ်။
ရွှေထည်လက်ဝတ်ရတနာများ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
၁၆ပဲရည် အခေါက်ရွှေသားကို ကြေး+ဘော် သတ္တုတို့နဲ့ အချိုးကျ ရောစပ်ပြီး ၁၅ပဲရည်၊ ၁၄ပဲ၂ပြားရည် စသည့်ရွှေရည်များဖြင့် လက်ဝတ်ရတနာ အထည်ပုံဆန်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီဇိုင်းလှလှ ဝတ်ဆင်ရတာ နှစ်သက်တယ်ဆိုရင် အလျော့ပါ ရွှေသားထည်လေးတွေ ဝတ်ရင်း စုဆောင်းနိုင်ပါတယ်။ အလျော့တွက်ဆိုတာ အင်္ကျီချုပ်ခ လိုပဲ ရွှေသားထည်ပြုလုပ်ဖန်တီးခပါ။ ရွှေထည်များ ပုံဖော်ဖန်တီးပြုလုပ်ရာမှာ ရွှေသားလေလွင့်မှုများလည်း ရှိတတ်တာကြောင့် ပုံဆန်းရင် ဆန်းသလို အလျော့တွက်လက်ခ အစားစားရှိပါတယ်ရှင်။ ဖက်ရှင်ကျကျ ဝတ်ရတာကြိုက်တဲ့ အလှလေးတွေက ဒါမျိုးလေးတွေ စုပါနော်။
ဒီစာကိုဖတ်ပြီးပြီဆိုရင် ဘယ်လိုပုံစံနဲ့ စုဆောင်းတာက ကိုယ်နဲ့ ကိုက်ညီတယ်ဆိုတာ အကြမ်းအားဖြင့် သိသွားပြီပေါ့နော်။ မျှပြီးစုပါ လို့ ပြောရတာက ငွေလိုလို့ ပြန်ရောင်းရတဲ့အခါ အလျော့တွက်ဖိုး မကုန်ကျတဲ့ ရွှေတုံး/ ရွှေပြား/ စတိထည်တွေကိုသာ ဦးစားပေးအနေနဲ့ ရောင်းချနိုင်အောင်ပါ။ ငွေပိုတဲ့အချိန်မှာ အလွယ်တကူ ပြန်ဝယ်စုလို့ရတယ်လေ။ ရွှေတွေ စုဖို့ စဥ်းစားကြတဲ့အခါ အရည်အသွေးမှန် စျေးနှုန်းမှန်တဲ့ ရွှေစင်အကယ်ဒမီ (Htet Myat Yadana) ကို သတိရပေးပါနော်..
ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင် နှင့်
မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး
(ဆိုင်အမှတ်-၁)
အမှတ် ၈၃၅/၈၃၆, ဦးဝိစာရလမ်း ၃၄ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်, ရန်ကုန်
Ph: 09773090104, 095137246, 0931411428
(ပုံမှန် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)
(ဆိုင်အမှတ်-၂)
အမှတ် ၉၄ မြေညီထပ်, ရွှေဘုံသာလမ်း (မဂိုလမ်း) အောက်, ပန်းဘဲတန်းမြို့နယ်, ရန်ကုန်
Ph: 09773090104, 018371548, 09252414243
(ပုံမှန် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)
#မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး
#ရွှေစုကြမယ်